The Myanma Street ဂျာနယ်မှ Facebook ပညာရှင် ချင်းအမျိုးသား ဦးအွန်လိုင်းတက် ကိုမေးမြန်းထားခြင်းအား တွေးတောရေးသားပါသည်။
မေး ။ ။ Facebook ကို ဘယ်လိုမြင်ပါသလဲ
ဖြေ ။ ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အထွန်းကားဆုံးနေရာတစ်ခုလို့မြင်ပါတယ်။ လွတ်လပ်စွာ
ဆဲရေးတိုင်းထွာပိုင်ခွင့်လည်း အပြည့်အ၀ရတဲ့နေရာတစ်ခုပါ။
နိုင်ငံတော်သမ္မတအပြင် တခြားနိုင်ငံရဲ့ ခေါင်းဆောင်ကြီးတွေအထိ သူတို့
လက်ထဲမှာရှိပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ ဒီ Facebook နဲ့ပတ်သတ်ပြီး စီးပွားရေးအမြင်ရှိတယ်လို့ပြောတယ်နော်။ နဲနဲ ရှင်းပြပါလားဆရာ
ဖြေ ။ ။ ဒါက ဒီလိုပါ။ ပထမဆုံးအနေနဲ့ ဓါတ်ပုံရိုက်ကူးရေးတွေ
အလွန်စီးပွားကောင်းလာတာတွေ့ပါတယ်။ Profile Picture အတွက်
တစ်နေ့တစ်မျိုးမရိုးရအောင် ပုံစံအမျိုးမျိုး၊ Location အမျိုးမျိုးမှာ
ရိုက်ကူးနေရလို့ပါ။ ဒါ့အပြင် အခြားဆက်စပ်နေတဲ့ Camera ပါတဲ့ Phone
အမျိုးအစားပေါင်းစုံနဲ့ Laptop တွေ၊ Tablet တွေ ရောင်းအား
အဆမတန်တက်လာပါတယ်။ ကျွန်တော်လည်း လက်ရှိတာဝန်ကအနားယူပြီး ဓါတ်ပုံဆိုင်နဲ့
ဖုန်းဆက်စပ်ပစ္စည်းဆိုင်လေးဖွင့်တော့မယ် စိတ်ကူးထားပါတယ်။
မေး ။ ။ Facebook ကနေ ဦးဦးဖျားဖျားသတင်းလေးတွေ ရတယ်လို့ပြောပါတယ်။ ဆရာ့အမြင်က
ဖြေ ။ ။ Facebook ပေါ်ကသတင်းတွေက မှန်တာက 50%၊ မှားတာက 50% ပါ။
ဖတ်ရှုသူရဲ့ တွေးတောဆင်ခြင်နိုင်စွမ်းအားက ဒီမှာ အရေးကြီးလာပါတယ်။ အဲ ....
သေချာတာတစ်ခုကတော့ Facebook ပေါ်မှာ သေပြီလို့ သတင်းထွက်ရင်တော့ သေပြီလို့
အပြောခံရသူဟာ တကယ်သေတာမဟုတ်ပဲ နဂိုမူရင်းထက်ကို ကျန်းမာရေးကောင်းလာပြီလို့
မှတ်ယူရမှာဖြစ်ပါတယ်။
မေး ။ ။ ဆရာပြောပြောနေတဲ့ Facebook ပေါ်က အမှန်တရားဆိုတာ ဘာလဲဆရာ
ဖြေ ။ ။ News Feed တွေ တစ်ခုပြီးတစ်ခု တက်လာပြီး အောက်ကို
ဆင်းဆင်းသွားတာဟာ ခံယူတတ်ရင် တရားရစရာပေါ့ဗျာ။ အနိစ္စသဘောကို
ကောင်းကောင်းကြီး ဆင်ခြင်နိုင်တဲ့နေရာတစ်ခုပါ။ တက်လာတယ်၊ ကျသွားတယ်၊
ပျောက်သွားတယ်။ အခု တင်ထားတဲ့ဓါတ်ပုံတွေနဲ့ နောက် ၁၀ နှစ်ကျရင် တင်လာမယ့်
ဓါတ်ပုံတွေဘာတွေကွာသွားမလဲဆိုတာ ကျွန်တော်ကတော့ Online ပေါ်မှာပဲ
တရားရှာစောင့်ကြည့်တော့မယ်လို့။ ကျေးဇူးတင်ပါတယ်။
ပြုံးနိုင်ကြပါစေ။
No comments:
Post a Comment