အိမ် တဲ့ ...
လူ တိုင်း လူ တိုင်း ကိုယ်စီရဲ့ ရင်ထဲမှာ အိမ်လေးတစ်လုံးစီ ဆောက်ချင်တဲ့စိတ်ကူးလေးတော့ တစ်ခါတစ်ရံ ပေါ်ကောင်းပါရဲ့နော် ..
ဒီလို ပဲပေါ့ ...
ကျွန်တော်ရဲ့ အတွေးထဲ၊ စိတ်ကူးထဲမှာလည်း အိမ်လေးတစ်လုံးတော့ ဆောက်ချင်နေမိတယ်ဗျာ ...
ကျွန်တော် ဆောက်ချင်တဲ့ အိမ်ကလေးကလေ ...
ဟိုး .... တောင်ကုန်းမြင့်မြင့်လေးပေါ်မှာ ရှိတယ် .... နောက်ပြီး ဘယ်ရာသီပဲ ဖြစ်ဖြစ် အပူမကဲတဲ့ အရပ်ဒေသလေးမှာပေါ့ ...
ပန်းခင်းလေးတွေက အိမ်ရဲ့ ပတ်ပတ်လည်မှာရယ်လေ ... စိုက်ခင်းလေးတွေကလည်း အိမ်နဲ့ မနီးမဝေး အရပ်ဆီမှာပေါ့ ...
အိမ်လေးက လှမ်းကြည့်မယ်ဆိုရင် သစ်ပင်တန်းတွေနဲ့ မြေနီလမ်းကလေးရယ် ...
စမ်းချောင်းကလေးကိုလည်း ၅ မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်ပြီလေ ....
တောင်တန်းပြာတွေကလည်း မနက် ပြူတင်းပေါက်ဖွင့်လိုက်ရင် ဆီးကြိုနှုတ်ဆက်နေတဲ့ နေရာမျိုးလည်း ဖြစ်ရမယ် ...
အဲဒီမှာ ပြိုင်ဆိုင်ခြင်း၊ မနာလိုခြင်း၊ အထင်သေးခြင်း၊ မြှောက်ပင့်ခြင်း အလျဉ်းမရှိဘူး ...
ညနေဘက် ပျင်းရင် ဇောင်းထဲက မွေးထားတဲ့ မြင်းတွေ ထုတ်စီး၊ ညဘက်မှာတော့ မြို့ဈေးကဝယ်ထားတဲ့ ဝိုင်နီ တစ်ပုလင်းနဲ့ ဂစ်တာ ...
အဲဒီ အရပ်မှာ မွန်းကျပ်နေတဲ့ အိတ်ဇောငွေ့တွေနဲ့ အလျင်လိုနေတဲ့ လူတွေရဲ့ အပူဇောတွေ ကင်းတယ်ပေါ့ ...
မြို့ကြီးဆီက မှာထားတဲ့ စာအုပ်တွေ ကလည်း တပုံတပင်ရယ် ... Laptop
လေးတစ်လုံးနဲ့ စိတ်ထဲရှိရာလည်း အေးအေးဆေးဆေး စာရေးနိုင်မယ့်
နေရာမျိုးလေးမှာလေ ...
ကဲ ... ဒီစာကို ဖတ်နေတဲ့သူတွေရဲ့ အတွေးထဲက အိမ် လေးကရော ဘယ်လိုမျိုးများ ဖြစ်မလဲ သိချင်စိတ် ဖြစ်မိပါရဲ့ဗျာ ...
ဘယ်လိုလဲ ... အိမ် တဲ့ ။
No comments:
Post a Comment