ထိုနေ့က လူများ ပျားပန်းခတ်မျှ လူးလာခေါက်ချည် သွားလာနေကြလေသည်။ သူဌေးကြီး ဇောတိက အလှူနေ့ပေကိုး။
ခေတ်သစ်မှာ သူဌေးဖြစ်လာတဲ့ ဇောတိက ပေမို့ နတ်လူသာဓုခေါ်မယ့် မော်ဒန်အလှူတစ်ခုလောက်တော့ လုပ်ချင်စိတ်က ပြင်းပြလာတယ်။ ကိုယ့်ရဲ့ ကြိုးစားရုန်းကန်ခဲ့လို့ ရလာတဲ့ ကြွယ်ဝမှုတွေကို အများသူငါကို တတ်အားသမျှ လှူချင်တန်းချင်တယ်ပေါ့။ ဒါနဲ့ပဲ ဒီလို ခြိမ့်ခြိမ့်သဲ အလှူပွဲကြီး ပေါ်ပေါက်လာတယ်ဆိုပါတော့။
မော်ဒန်အလှူပေမို့ ၉၆၉ ဒန်ပေါက်ကျွေးပြီး လာသမျှလူတိုင်း Sim Card တစ်ခုစီ ပေးမယ်လို့လည်း ကြွေးကြော်ထားလေရဲ့။ စားပြီးအပြန်မှာလည်း LV လက်သုတ်ပုဝါ တစ်ထည်စီနဲ့ လက်ပတောင်းကြေးနီမှုန့် တစ်ဗူးလက်ဆောင်ပေးမယ်လို့လည်း သိရသေးသဗျ။ စားနေတုန်းမှာလည်း အပြင်းပြေ လေဒီဂါးဂါး Live Show ပါ ပါသေးတယ်ဆိုပဲ။
ဖိတ်ထားတာကလည်း နာမည်ကြီး Facebook က တဆင့် Event လုပ်ပြီး တိုင်းသိ ပြည်သိ ဖိတ်တာဆိုတော့ လှည်းနေလှေအောင်း လေယာဉ်ပါမကျန် သိကုန်ကြတာပေါ့ဗျာ။ တချို့တောင် ပြည်ပက ပြန်လာပြီး လာစားမလို့ ကြံစည်နေကြတယ်ဆိုပဲ။
လှူတယ် တန်းတယ်ဆိုတာ ရှေးမြန်မာများခေတ်ကတည်းက စီးဆင်းလာတဲ့ ယဉ်ကျေးမှုဓလေ့ ဖြစ်တာနဲ့အညီ ခေတ်သစ်ဇောတိက ရဲ့ လှူချင် တန်းချင်စိတ်ကလည်း အများနဲ့အတူ ဘယ်လျော့မလဲလေ။
ဒီလိုနဲ့ အဲဒီနေ့မှာ ဇောတိက ခမျာ မမောမပန်းနိုင်အားပဲ အလှူအတန်း ဒါနကုသိုလ်တွေ ယူနေတာပေါ့ဗျာ။
အဲဒီအချိန်မှာပဲ သူ့တပည့်ကျော် သာဒိုး မောကြီးပန်းကြီး ရောက်ချလာပါလေရော။ လက်ထဲမှာလည်း IPad Mini လေးကိုင်လို့ပေါ့။
"ဆရာ ဆရာ"
"ဘာလဲ သာဒိုးရ"
"ပွပြီ ဆရာ၊ အကြီးကြီးပွပြီ"
"မင်း ဟာကလည်း အရင်းအဖျားမရှိ၊ ဘာ ပွတာတုန်း"
"Facebook မှာလေ၊ Facebook မှာ ဆရာ့ အလှူအကြောင်းပွကုန်ပြီ"
ဒါနဲ့ပဲ ခေတ်သစ်ဇောတိက တစ်ယောက် စိတ်ဝင်စားသွားပြီး သာဒိုး ဆီက IPad ကို ယူကြည့်တာပေါ့။
ရှိသမျှ သတင်း Page ပေါင်းစုံက သူ့အလှူကို သူ့ထက်ငါ အပြိုင်အဆိုင် ဓါတ်ပုံရိုက်တင်ထားတာများ ဖတ်လို့တောင် မကုန်နိုင်အောင်ပဲ။ ဇောတိက ကြီးလည်း ပျော်မဆုံးပေါ့။
ဖတ်ရင်း ဖတ်ရင်း Comment တွေ ဆီ မျက်လုံးရောက်သွားတယ်ဆိုရင်ပဲ သူ့မျက်လုံးတွေ ပြူးကျယ် ၀ိုင်းစက်သွားပါတော့တယ်။ နောက်တော့ IPad ကို အသာချလို့ အလှူပွဲခင်းထဲကနေ မျက်လွှာချပြီး လေးကန်တဲ့ခြေလှမ်းတွေနဲ့ တလှမ်းချင်းထွက်သွားပါတော့တယ်။
comment များကတော့ .....
"အလကားရထားတာတွေနဲ့ လှူမှတော့ လှူနိုင်တာပေါ့ဗျာ"
"ထောင်မြင်လို့ ရာစွန့်တာလားမသိ"
"ပေါ်ပင်တွေလုပ်နေပြန်ပါပြီ"
"အဲဒီလောက်လှူတာလောက်နဲ့တော့ မွဲသွားပါဦးမယ်"
"စည်းရုံးရေး၊ စည်းရုံးရေး"
"ဘယ်ဗေဒင် ဆရာက ယတြာ ချေခိုင်းလို့လဲ" .... စသဖြင့် စသဖြင့် ......
သာဒိုး လည်း သူ့ဆရာလျှောက်သွားတာကြည့်ပြီး စဉ်းစားမိနေတာကတော့ ရာဇ၀င် ထဲက ဇောတိကသူဌေးကြီးတောင် အဲဒီခေတ်မှာ Facebook မရှိလို့တော်သေးတယ်ပေါ့။ မဟုတ်လို့ကတော့ သူလည်း အမန့် လွတ်မှာ မဟုတ်။ မတွေးကောင်းတွေးကောင်း ဘုရားရှင်ကိုယ်တိုင် ဟောတဲ့ တရားတောင် Facebook ခေတ်မှာ လာဟောခဲ့ရင်ဖြင့် Comment ပေါင်း သောင်းခြောက်ထောင်များရနေနိုင်ေ
No comments:
Post a Comment