ရှင်းလင်းပွဲ တစ်ခုတွင် တာဝန်ရှိသူတစ်ဦးက လက်ရှိ ၅ နှစ်တာကာလ စီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေကို ရှင်းပြနေသည်။
"၅ နှစ်စီမံကိန်း လျာထားချက်အတိုင်း မြို့မှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံကြီး အောင်မြင်စွာဆောက်လုပ်ပြီးသွားပ
ပရိတ်သတ်ထဲမှ တစ်ယောက်ထပြောသည်။
"ကျွှန်တော်က မြို့သားပါဗျာ။ ဘာစက်ရုံမှ မရှိပါဘူး"
တာဝန်ရှိသူ ဆက်ပြောသည်။
"အင်တာနက်လိုင်းများ ပြုပြင်ပြီးစီး၍ လွန်စွာကောင်းမွန်သွားပြီ ဖြစ်ပါတယ်"
စောစောက ပရိတ်သတ်ပင် ထပြောသည်။
"ကျွှန်တော်က ပုံမှန်သုံးသူပါ။ အင်တာနက်လိုင်းတွေ က ထူးမခြားနားပါပဲခင်ဗျာ"
တာဝန်ရှိသူက စိတ်တိုစွာ ပြန်ပြောလိုက်သည်။
"ဒီမှာ ခင်ဗျား၊ တကယ်ဖြစ်နေတာတွေသိအောင် သတင်းစာများများဖတ်သင့်တယ်" တဲ့
No comments:
Post a Comment